International News

၂၀၂၀ ပြည့်နှစ် ထိုင်းနိုင်ငံရဲ့ ပို့ကုန်အခြေအနေ

Last Updated:

ဆက်လက်ဖြစ်ပွားနေသော ကုန်သွယ်ရေးစစ်ပွဲ၊ အမေရိကန်-အီရန်တင်မာမှုများနှင့် ထိုင်းဘတ် ငွေတန်ဖိုးမြင့်တက် နေမှုတို့အပါအဝင် စွန်ု့စားရမှုအချက်အလက်မျာနှင့်အတူ ထိုင်းနိုင်ငံ၏ ပို့ကုန်သည် ယခုနှစ်အတွက် ကျဆင်းဖွယ်ရာ ရှိနေပါသည်။ ထိုင်းကုန်သည်ကြီးများအသင်း တက္ကသိုလ်၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုလေ့လာရေး စင်တာမှ ညွှန်ကြာရေးမှူး Aat Pisanwinich က တိုင်းပြည်၏ ပို့ကုန်တင်ပို့မှုအပေါ် ထိုင်းကုန်သည်ကြီးများအသင်း တက္ကသိုလ်၏ နောက်ဆုံးလေ့လာ သုံးသပ်မှုအရ  ၂၀၂၀ ပြည့်နှစ် တွင် ပို့ကုန်တင်ပို့မှု (၀.၉%) ကျဆင်းနိုင်သည်ဟု တွေ့ရှိရကြောင်း ပြောကြားခဲ့ပါသည်။ 

အဆိုပါခန့်မှန်းတွက်ချက်မှုအား ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှု(၃.၂%)၊ ရေနံစိမ်းစျေးအား တစ်စည်လျှင် အမေရိကန်ဒေါ်လာ(၆၀)နှင့် ဘတ်ငွေလဲနှုန်းအားတစ်ဒေါ်လာလျှင်(၃၀)ဘတ်နှုန်းတို့အပေါ် အခြေခံ၍ခန့်မှန်းတွက်ချက် ထာခြင်းဖြစ်ပါသည်။ ထိုင်းကုန်သည်ကြီးများအသင်းတက္ကသိုလ်က ပို့ကုန်တင်ပိုမှုမှာ ၂၀၁၈ ခုနှစ်တွင် (၇.၅%) တိုးတက်ခဲ့ပြီးနောက်၊ ၂၀၁၇ ခုနှစ်တွင် (၉.၅%) တိုးတက်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်အတွက် ပို့ကုန်တင်ပို့မှု (၂.၆%)ကျဆင်း လိမ့်မည်ဖြစ်ကြောင်း၊ တန်ဆိုးအားဖြင့် အမေရိကန်ဒေါ်လာ(၂၄၆)ဘီလီယံဖြစ်ကြောင်း ခန့်မှန်းခဲ့ပါသည်။

သို့ရာတွင် အဆိုးဆုံးအနေဖြင့် အမေရိကန်-တရုတ် ကန်သွယ်ရေးစေ့စပ်ညှိနှိုင်းမှုများမတိုး တက်ခဲ့လျှင် သော်လည်း ကောင်း၊ အမေရိကန်-အီရန် ပဋိပက္ခ အရှိန်မြင့်တက်ခဲ့သော်လည်းကောင်း၊ ရေနံစိမ်းဈေးနှုန်းပျှမ်းမျှတစ်စည်လျှင် အမေရိကန်ဒေါ်လာ (၈၀)နှင့် အမေရိကန်တစ်ဒေါ်လာလျှင်ဘတ်ငွေ (၂၉)ဘတ် အထိဖြစ်ခဲ့သော် ယခုနှစ်အတွက် ပို့ကုန်တင်ပို့မှု(၂.၄%)ကျဆင်းနိုင်ကြောင်း Mr.Aat ကပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံ၏ ပို့ကုန်များအတွက် အများဆုံးစွန့်စားရမှုတွင် နည်းပညာနှင့် ငွေကြေးတို့ လွမ်းခြုံစေရန်အတွက် အမေ ရိကန်နှင့် တရုတ်တို့အကြားကုန်သွယ်ရေး စစ်ပွဲတိုးချဲ့ခြင်း၊ ဘတ်ငွေ တန်ဖိုးဆက်လက် မြင့်မားနေခြင်းနှင့် အမေရိကန်-အီရန် အကျပ်အတည်းနှင့်ရုန်းကန်နေသော ကမ္ဘာစီးပွားရေးတို့ပါဝင်နေပါသည်။ 

Mr.Aat ၏ ပြောကြားချက်အရ ကြိုတင်မျှော်မှန်းထားသည့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ပြန့်သောမိုးခေါင်မှုက ထိုင်းပို့ကုန်တင်ပို့မှုအပေါ် သက်ရောက်နေကြောင်း ထိုင်းကုန်သည်ကြီးများအသင်းတက္ကသိုလ်အနေဖြင့် မိုးခေါင်မှုက စိုက်ပျိုးရေးထွက်ကုန်ထုတ်လုပ်မှု၏ (၃၀% -၄၀%)ကို ကျဆင်းစေနိုင်ပြီး လယ်ယာထွက်ကုန်သီးနှံဈေးနှုန်းကို (၂၅%- ၃၀%)  အထိမြင့်တက်စေနိုင်သည်ဟု ခန့်မှန်းပြောကြားခဲ့ပါသည်။

ထိုင်းစီးပွားရေးအနေဖြင့် စိတ်ပျက်စရာကောင်းသော ပို့ကုန်ဦးဆောင်မှုဖြင့် ဆက်လက်နှေးကွေးနေမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ စီးပွားရေးကိုအားပေးလှုံ့ဆော်မည့် ကရိယာတစ်ခုမှာ အစိုးရ၏များပြားလှစွာသော အသုံးစရိတ်နှင့် ပုဂ္ဂိလိက ၏ ရင်းနှီးမြှုပ်နှံမှုတို့ပင်ဖြစ်ကြောင်း Mr.Aat ပြောကြားခဲ့ပါသည်။

၎င်းက အစိုးရအနေဖြင့် ပို့ကုန်မြှင့်တင်ရေးကို တိုးမြှင့်ရန် အဆိုပြုခဲ့ပါသည်။ အထူးသဖြင့် ထိုင်းနိုင်ငံ၏ ပို့ကုန်ဝေစု (၅၀%) အောက်ရှိသော အရှေ့အလယ်ပိုင်း ဈေးကွက်သို့ ပို့ကုန်ပိုမိုတိုးချဲ့တင်ပို့ရန် ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် ဉရောပဈေးကွက်၊ တရုတ်ပြည်၏ ဒုတိယအဆင့်ပြည်နယ်များနှင့် အိန္ဒိယ၏ ပြည်နယ်အားလုံးတို့မှာ ထိုင်းပို့ကုန်များ တိုးမြှင်တင်ပို့ရန်အတွက် ပိုမိုတက်ကြွသော ဈေးကွက်ရှာဖွေရေးနှင့် လူထုဆက်ဆံရေးလှုပ်ရှားမှုများ ပြုလုပ်ရန်လိုအပ် ကြောင်း  Mr.Aat ပြောကြားခဲ့ပါသည်။

ကုန်သွယ်ရေးကော်မရှင်များအပြင် ထိုင်း၊ တရုတ်နှင့် အိန္ဒိယ၊ အရှေ့အလယ်ပိုင်းဒေသများသို့ ထိုင်းပြည်ပပို့ကုန်များကို မြှင့်တင်ရန် ပိုမိုဝင်ရောက်နိုင်ရန်အတွက် ဗီဒီယိုကလစ်များနှင့် အွန်လိုင်းပလက်ဖောင်းများကို အသုံးချနိုင်ပါသည်။ Mr.Aat က ထိုင်း ထုတ်လုပ်သူများအနေဖြင့် ထုတ်လုပ်မှုကုန်ကျစရိန်များကို ထိရောက်စွာ စီမံခန့်ခွဲဆောင်ရွက်သင့် ကြောင်း၊ ထုတ်ကုန်ဈေးနှုန်းသတ်မှတ်ခြင်းကို ထုတ်ကုန်၏ အရည်အသွေးနှင့် ကိုက်ညီစေရန်နှင့် ထုတ်ကုန်လုံခြုံ စိတ်ချမရမှု စံချိန်စံညွှန်းများကို မြှင့်တင်ရန်တို့အားအကြံပြုခဲ့ပါသည်။

 

source :  ဗန်ကောက်မြို့  မြန်မာသံရုံး၊ စီးပွားရေးသံမှူး

Category: International News